ကယားပြည်နယ်

ရှမ်းရွာသစ်မြို့တွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် ​မူလွန်နန်းဟူးကုန်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မူလွန်နန်းဟူးကုန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက်ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုရန်အတွက် ကယားပြည်နယ်သို့ရောက်ရှိနေကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ(​ရေဆင်း-၁)စံပြစိုက်ခင်းများ ​အောင်မြင် ဖြစ်ထွန်း​နေမှုအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ(​ရေဆင်း-၁)စိုက်ပျိုးထားရှိမှုနှင့်​အောင်မြင်ဖြစ်ထွန်း​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များကယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူ ဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ(​ရေဆင်း-၁) စံပြ စိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်အားကစားကွင်းအတွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့အားဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀)Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားခန်းမ တို့ကို ဖွင့်လှစ်ပေးကြသည်။

ဖားဆောင်းမြို့နယ် (အလက) နန်းကစ်ကျောင်းနှင့် (မူလွန်) ပါပုကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် (အလက) နန်းကစ်ကျောင်းနှင့် မူလွန်ပါပုကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက (မူလွန်)ပါပုကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာ​​သော်တာ​ဆွေရေးသားသည့် ဤ​​လောက​မြေမဟီဝယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှစာရေးဆရာသော်တာဆွေရေးသားသည့် ဤလောကမြေမဟီဝယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်နည်း (ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တောင်ပေါ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်