ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်      ဖေဖော်ဝါရီ     ၁၀

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော  အဆောက်အဦများအတွက် ဆောက်လုပ်ရေးပစ္စည်များ၊ ထောက်ပံ့ငွေများ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့်စားသောက်ကုန်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတိယအကြိမ်ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နေရပ်ပြန်ပြည်သူများ ထပ်မံရောက်ရှိလာပါက လိုအပ်သည်များကို ထပ်မံပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ရောက်ရှိသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးများပြန်လည်ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိရပ်ကွက်ကျေးရွာများအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်လာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်ခရိုင်နှင့်ဒီးမော့ဆိုခရိုင်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက်ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် Family Kit ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများကိုယ်စား တက်ရောက်လာကြသော ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားပြည်သူများကိုယ်စား  မိုင်းလုံးရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။ 

ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်းရှိ ဘာသာရေးအဆောက်အဦ(၄)လုံး၊ နေအိမ်အဆောက်အဦ(၃၈၂)လုံးအတွက် သွပ်(၁၃၁၆၀)ချပ်၊ ဘိလပ်မြေ(၆၅၈၀)အိတ်၊ ဆန်(၂၂၉)တင်းခန့်နှင့် ဆီ(၁၈၃)ပိဿာခန့်၊ လူဦးရေ(၆၀၀၀)ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ ၊ အိမ်ထောင်စု (၁၉၁)စုတို့အတွက် Family Kit နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး  စုစုပေါင်းတန်ဖိုး ကျပ်နှစ်ထောင့်သုံးရာနှစ်ဆယ့်ငါးသိန်းကျော် ဖြစ်ကြောင်းသိရသည်။

ကိုဇင်(လွိုင်ကော်)