(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကျင်းပ

ဖား​​ဆောင်း           ​ဖေ​ဖော်ဝါရီ        ၉

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပညာ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ (၇၆)နှစ်မြောက်ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာ​​​စောင်ပြပွဲကို ယ​နေ့နံနက်(၁၁)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ အ​ခြေခံပညာအထက်တန်း​ကျောင်း၊​ ကျောင်းအုပ်ဆရာကြီးဦး​အေးထွန်းလင်းက (၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ​ပြောကြားခဲ့ပြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်နန်းသဲနုအောင်က ပြည်​ထောင်စု​နေ့ဖြစ်​ပေါ်လာပုံသမိုင်း​ကြောင်းကို အကျယ်တဝင့် ရှင်းလင်း​​ပြောကြားခဲ့သည်။

ထို့​နောက် ​ကျောင်းသား​၊ ကျောင်းသူများက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် နံရံကပ်စာ​စောင်နှင့် သုတ/ရသစာအုပ်စာ​စောင်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အဆိုပါ​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ အလယ်တန်းဆင့်​ကျောင်းသား၊ ​ကျောင်းသူ(၂၀၀)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်( ဖား​ဆောင်း)