လွိုင်ကော်မြို့၌ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ

လွိုင်ကော် မတ် ၂၁

ကယားပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို လွိုင်ကော်မြို့၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က  ကျောင်းအခြေပြုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းကျန်းမာရေးကော်မတီဝင်များက အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးဆွေးနွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများက တင်ပြချက်များနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)