ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster Dose)အပိုဆောင်း တတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဘောလခဲ မတ် ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၊ အစည်းအစေးခန်းမ၌ ဘောလခဲခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Booster Dose)အပိုဆောင်း တတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ဘောလခဲခရိုင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအေးမောင်နှင့်ကော်မတီအဖွဲ့ဝင်များ သူနာပြုဆရာမများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ယနေ့ထိုးနှံမည့်ဝန်ထမ်းနှင့် မြို့နေပြည်သူဦးရေမှာ (၁၂၄)ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဝင် ဦးအေးမောင်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)