ဖား​ဆောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်/အလယ်တန်းဆင့်ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်

ဖား​ဆောင်း မတ် ၂၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အ​ခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ​၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်/အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်(၈)နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

​ရှေးဦးစွာ မြို့နယ်ပညာ​ရေးမှူးဦးမြင့်​ထွေးက အဖွင့်အမှာစကား​ပြောကြားရာတွင် အခြေခံပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ​အတွက်အ​ရေးကြီးသောလူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်​ရေးအတွက် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းစဥ်နှင့်ဆရာ၊ ဆရာမများ၊​ကျောင်းသား​၊​ ကျောင်းသူများ၏အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း​ဆွေး​နွေးပွဲများပြုလုပ်ရခြင်းဖြစ်​ကြောင်း၊ စနစ်တကျ​ဆွေးနွေးကြ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။

အဆိုပါဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း​ဆွေး​နွေးပွဲသို့ ဖားဆောင်းမြို့နယ်အတွင်းရှိ အထက်တန်းဆင့်ဆရာ၊ ဆရာမ(၁၅)ဦး၊ အလယ်တန်းဆင့်ဆရာ၊ ဆရာမ(၁၉)ဦးစုစုပေါင်း(၃၄)ဦးတက်​ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၂၁-၃-၂၀၂၃ မှ ၂၄-၃-၂၀၂၃)ရက်​​​နေ့အထိ (၄)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း​ဆွေး​နွေးပွဲများပြုလုပ်ခြင်းဖြင့် မြို့နယ်အတွင်းအ​ခြေခံပညာသင်ကြားသင်ယူ​နေကြသည့် ဆရာ၊ ဆရာမများနှင့်​ကျောင်းသား၊​ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှုစွမ်းရည်မြှင့်မားလာခြင်း၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်အလိုက် ထိရောက်​အောင်မြင်​သော သင်ကြားသင်ယူမှုဖြစ်​စေခြင်း၊ တတ်​မြောက်မှုကိုစစ်ဆေးတိုင်းတာရာတွင် ​မေးခွန်းကောင်းတို့၏အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊​ တွေး​ခေါ်​မျှော်မြင်မှုစွမ်းရည်များ​ဖော်ပြ​သော စစ်ဆေးတိုင်းတာမှုဖြစ်စေခြင်း၊ အ​ခြေခံပညာအဆင့်အလိုက်အတန်းကူး​ပြောင်းနှုန်းမြင့်မားစေခြင်းစသည့် အကျိုး​ကျေးဇူးများရရှိမည်ဖြစ်​ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)