ဘောလခဲ မတ် ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ(ခရိုင်အဆင့်) သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်၌ ကျင်းပသည်။
အခမ်းအနားကို ဘောလခဲခရိုင် ပညာရေးမှူး ဒေါ်သိန်းတင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နိုင်နိုင်ဦး၊ သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိခင်နှင့် နည်းပြဆရာမများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်နှင့် ပတ်သက်သည့်ရည်ရွယ်ချက်နှင့် ပို့ချမည့်သင်ခန်းစာများအား ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲမြို့နယ်များမှ သင်တန်းဆရာ/ဆရာမများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပြီး (၂၁-၃-၂၀၂၃)ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘောလခဲ(ပြန်/ဆက်)