လွိုင်ကော် မတ် ၂၁
မသန်စွမ်းသူများနှင့်မသန်စွမ်းသူများ၏ မိသားစုဝင်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများတိုးတက်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုဘဝတိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်မိုးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(လွိုင်ကော်)ရုံးခွဲမှ ဥက္ကဋ္ဌ ဦးမြတ်စိုးမှ သင်တန်း၏ စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)