လွိုင်ကော် မတ် ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဋ္ဌ လွိုင်ကော်မြို့၊ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်/ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်ရားတော်များ ကိုနာယူကြည်ညို ကြသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေနှင့်တာဝန်ရှိသူတို့က ဆရာတော်/ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူခဲ့သည်။
ထို့နောက်လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်း ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ ဗုဒ္ဒသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုအဓိဌာန်ပြု၍ ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆရာတော်/သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)