ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အနေကဇာတင်ပူဇော်ပွဲ နှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
သာသနာတော်နှစ် ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများဖြစ်သည့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။