ကယားပြည်နယ်ဝန်ကြီးချုပ် ရှမ်းနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်၌ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။