ဖယ်ခုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ယမန်နေ့ နံနက် ၁၁နာရှိခွဲက ဖယ်ခုံမြို့ မြို့နယ်ခန်းမ တွင် နေရပ်ပြန် ပြည်သူများအား ဆန်၊ဆီ၊ဆားစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။