၂၀၂၆ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်၊ နောင်ယား(က)ရပ်ကွက် “သီရိဒေါလမ်း” ကတ္တရာ လမ်းသစ်ဖွင့်လှစ်
၂၀၂၆ ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ် နောင်ယား(က)ရပ်ကွက် “သီရိဒေါလမ်း” (၁၈ပေ)အကျယ် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါလမ်းသစ် မုခ်ဦးရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။