ကယားပြည်နယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းသန့်ရှင်းရေ တိုးချဲ့ပေးဝေနိုင်ရေး ရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter)အနှေး သဲရေစစ်ကန်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ    ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌

လွိုင်ကော်မြို့ သီရိမင်္ဂလာဗဟိုဈေးအဆင့်မြှင့်တင်နေမှုနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် သီရိမင်္ဂလာဗဟိုဈေး အဆင့်မြှင့်တင်နေမှု ဈေးအတွင်းရောင်းဝယ်ဖောက်ကားနေမှုများနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်ကျောင်း၌ သုံးထပ်ကျောင်းဆောင်သစ်နှင့် စားရိပ်သာဆောင်သစ် တည်ဆောက်နေမှုများအား  ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အခြေခံပညာ၊ အဆင့်မြင့် ပညာကျောင်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း၌ သုံးထပ်ကျောင်းသားအိပ်ဆောင်သစ်ဆောက်လုပ်နေမှု၊ ယခုလာမည့် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းသားအဆောင်များ အပြီးသတ် မွမ်းမံနေမှုနှင့် ကျောင်းသားစားရိပ်သာအသစ် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား ထမင်းထုပ်၊ ဆန်၊ ကော်ဖီမစ်၊ ဖျော်ရည်ထုပ်နှင့် ပဲပုတ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စစ်ဗျူဟာ(အခြေချ)ဘောလခဲမှ ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား ထမင်းထုပ်၊ ဆန်၊ ကော်ဖီမစ်၊ ဖျော်ရည်ထုပ်နှင့်ပဲပုတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘောလခဲမြို့ အထကကျောင်း(ခန်းမ)တွင် ပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦိးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူများ တနိုင်တပိုင် မွေးမြူသည့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါဖြစ်ပွားလာပါက ကူးစက်ပျံ့နှံမှုကို အချိန်မှီထိန်းချုပ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ တတိယအပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
Subscribe to ကယားပြည်နယ်