ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချသူများ အခွန်လွတ်ဈေး လွိုင်ကော်မြို့၌ ဖွင့်လှစ် ရောင်းချနေမှုအား ကြည့်ရှုအားပေး

လွိုင်ကော် အောက်တိုဘာ   ၁

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့်  အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်တွင် ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချလျက်ရှိသည့် အခွန်လွတ်ဈေးသို့ ယမန်နေ့နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကိုယ်တိုင်ရောင်းချသူများဈေးတွင် ကယားပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့က ဆန်နှင့်ဆီတို့ကိုလည်းကောင်း၊  ကိုယ်တိုင်စိုက်/မွေး တောင်သူများက ခြံထွက်ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥ၊ ဘဲဥ၊ ငါး များကိုလည်းကောင်း၊ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများကိုလည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက လာရောက် ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချသူများဈေးတွင် အခြေခံစားသောက်ကုန်များကို  နေ့စဉ်နံနက် ၆ နာရီအချိန်ခန့်မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)