ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၂၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း ပညာရေးခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကယားပြည်နယ် အမှတ် (၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ကယား) မှ ရဲအုပ် မျိုးဝင်းထွန်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် National Road Safety Action Plan2021-2030 ရည်မှန်းချက်အောင်မြင်ရေး Quick Win  အစီအမံ (၅) ရပ်အား လိုက်နာဆောင်ရွက်ရေး စသည့်အချက်များကို ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား  / ကျောင်းသူများ၊ ဆရာ / ဆရာများက သိရှိလိုသည့် အချက်များအားမေးမြန်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)