လွိုင်ကော် အောက်တိုဘာ ၁
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) တောင်တော် ပတ်ဝန်းကျင်နှင့် စေတီတော်ပရဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် သစ်ပင်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့် အမှိုက်များသယ်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်တော်ရှိ ဘုရားစေတီသို့ တက်ရောက်ဖူးမျှော်ကြည်ညိုပြီး လွိုင်ကော်မြို့မြင်ကွင်းကိုကြည့်ရှုကာ မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)