ဒီးမော့ဆိုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆို မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန် တွင် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး လျက်ရှိ ကြောင်း သိရသည်။