ကယားပြည်နယ်

ရှားတောမြို့နယ်၌ မိုးသီးနှံမိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မိုးသီးနှံ မိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ပိုင်းရပ်ကွက် နတ်စင်ကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး Online မှတဆင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင်ယနေ့နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်း ပပျောက်ရေးအတွက် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြော်ငြာစဉ် လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာပြီး ဩဂုတ် ၁၄ ရက်အထိ ထပ်တိုးကြေညာသော်လည်း စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု သူ နည်းပါးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၁၄)ရွာသို့ အိမ်တိုင် ရာရောက် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်ရှိ သယာကျေးရွာသို့ အခြေခံမဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့များ ဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့က သာယာကျေးရွာသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ်၊ နားအွမ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသော မဲဆန္ဒရှင်များအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု နားအွမ်ကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသော မဲဆန္ဒရှင်ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရေးအတွက် ရှားတော မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရှားတောမြို့နယ် အတွင်းရှိမဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်တွင် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်