ကယားပြည်နယ်

မယ်စဲ့မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သြဂုတ်၂၁ရက်က ခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့့်် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး(ဒုတိယလှိုင်း)အတွက် Mask မတပ်ဆင်သူများအား စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး (ဒုတိယလှိုင်း)အတွက် Mask မတပ်ဆင်သူများအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့လယ်လမ်းစုံ၌ စတင်ခဲ့သည်။

မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယအကြိမ် ထုတ်ချေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယအကြိမ် ငွေထုတ်ချေးခြင်းကို ယမန်နေ့က ဟိုဖကျေးရွာခန်း မဆောင်၌ ကျင်းပသည်။

သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်ဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထာဝရလက်တွဲများ ပရဟိတအသင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ညနေ(၅) နာရီက ရှမ်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့၌ ကျင်းပသည်။

ဖားဆောင်းမြို့တွင် ပြည်သူများ မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဖားဆောင်း မြို့ဝင်/ ထွက် စုပေါင်းဂိတ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေး

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော် မြို့နယ်၊ မိုင်းလုံးရပ်ကွက် အ.မ.က မိုင်းလုံး(ခ) မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။

ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ

တောင်သူများ လယ်ယာသုံးစက်ကိရိယာစနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံခိုင်မှု ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ် သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် ကျင်းပပြုလုပ်သည်။

ဘောလခဲမြို့တွင် ခရိုင်အဆင့် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင် အဆင့်၊ ဘက်စုံထူးချွန်ဆုရရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ဘောလခဲမြို့ အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက်က တောင်သူ ဦးစိုင်းရွှေ၊ ကွင်းအမှတ် (၁)၊ ဦးပိုင် (၂၁) ၊ စိုက်ဧက (၃)ဧက လယ်မြေတွင် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ထွက်ရှိလာသော သီးနှံများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများအတွက် အထွက်နှုန်း တိုးတက်စေရေးနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်