ဘောလခဲ သြဂုတ် ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါ ခရိုင်ရုံး ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးတီရယ်၊ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်နယ်တာဝန်ခံ ဦးဇော်ထွန်းအောင်နှင့် မိုးထက်ကြယ် ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ကျော်မိုးတို့မှ ဖဲကိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ရုံးဆိုင်းဘုတ်သစ်အား အမွှေးနံသာပက်ဖျန်းခြင်း၊ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစ်ပင်များ အမှတ်တရစိုက်ပျိုးခြင်း၊ ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာကို တာဝန်ခံ ဦးဇော်ထွန်းအောင်က ဝန်ကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ခြင်း၊ မိုးထက်ကြယ် ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာမှ ဝန်ကြီးနှင့် ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်နယ်တာဝန်ခံ ဦးဇော်ထွန်း အောင်၊ မိုးထက်ကြယ်ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ကျော်မိုး၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ခရိုင်/ မြို့နယ် အဆင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှရွှေ