ဒီးမော့ဆို သြဂုတ် ၁၉
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ပတိုငံကျေးရွာတွင် လူမှုအားမာန်အဖွဲ့ (Inclusive Self Help Group) ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျေးရွာရှိ ခန်း မဆောင်၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်း က လူမှုအားမာန်အဖွဲ့ (Inclusive Self Help Group) ဖွဲ့စည်းဆောင်ရွက်ရာတွင် ကျေးရွာအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အရေးပေါ်အခြေအနေများတွင် ငွေကြေးထောက်ပံ့ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ရရှိစေရန် ချိတ်ဆက်ဆောင် ရွက်ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း တို့ကို ဆောင်ရွက်နိုင်စေ ရန် ဖွဲ့စည်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိန်စိန်မော်က လူမှုအားမာန်အဖွဲ့ (Inclusive Self Help Group) ဖွဲ့စည်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်နိုင်စေရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည် များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ လူမှုအားမာန်အဖွဲ့(Inclusive Self Help Group) ဖွဲ့စည်းဆောင်ရွက်ရာတွင် ပတိုငံကျေးရွာမှ သက်ကြီးရွယ်အို (၇)ဦး၊ အမျိုးသမီး(၅)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ကျေးရွာလူငယ်(၂)ဦး နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး စုစုပေါင်း (၁၈) ဦး ဖြင့် ကျေးရွာလူမှုအားမာန်ကော်မတီ အဖွဲ့အဖြစ် ဖွဲ့စည်းကြကြောင်း သိရသည်။
ကြီးဒဲရယ်