ဖားဆောင်း သြဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဝမ်အောင်းကယားကျေးရွာတွင် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီထွေးနှင့် ဝန်ထမ်းများသည် ဝမ်အောင်းကယားကျေးရွာအတွင်း နေထိုင်ကြသော မိဘ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု မဖြစ်ပွား စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနိုးဆော်ခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း သည့် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်းပြန်/ဆက်)