ကယားပြည်နယ်

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမအသင်းများ ချိတ်ဆက်၍ ကြက်သွန်နီများ ဖြန့်ဖြူးရောင်းချ

ကယားပြည်နယ် သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်မှ အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးကွက်ရရှိစေရန်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရန် နှင့် ကယားပြည်နယ် အတွင်းရှိ သမဝါယမအသင်းသားများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှစ၍ ကြက်သွန်နီများကို ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

ဘောလခဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါပလက်ဖောင်းပြုလုပ်ခြင်း ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ဘောလခဲ မြို့ဖွံ့ဖြိုး တိုးတက်သာယာလှပရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် lot (33) ဘောလခဲမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါ ပလက်ဖောင်းပြုလုပ်ခြင်းဆောင်ရွက်ခြင်းကို ၂၀၂၀ မေလ (၂၈)ရက်နေ့က စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်ပေးအပ်

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွာရေးထိခိုက်မှု သက်သာရေးစီမံချက် (Economic Relief Plan –CERP) Action Plan အရ ကယားပြည်နယ် အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆို မြို့နယ်ကျွန်းတောကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘောလခဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၅)ဦး အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်တင်မြှောက်လိုသူများ၏ လွှတ်တော်ကိုယ်စားလှယ် လောင်း (၁၅)ဦး အမည်စာရင်းတင်သွင်းလွှာများကို

ဘောလခဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီး တွင်

သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းစဉ်များအတွက် save the children မှ စီမံချက်ဝင် စာသင်ကျောင်းများသို့ ပံ့ပိုးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု တို့အား ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် လွိုင်ကော် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက်‌ နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်