ကယားပြည်နယ်

ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ် အောက် ကလေးငယ်များအား အိမ်အရောက်ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ မှ စာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း ၍ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို

မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီ က ဟိုဖကျေးရွာ ခန်းမဆောင်၌ သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကယား ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်(၁) ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြသည်။

ဒီးမော့ဆိုမြို့နယ်တွင် Maskတပ်ဆင်ခြင်းမရှိသောပြည်သူများအားစစ်ဆေးဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖရူဆိုမြို့၌ ပန်းချစ်မြတ်နိုးသူများအတွက် အခြေခံပန်းအလှပြင်သင်တန်း ဖွင့်လှစ်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန် ရည်ရွယ်၍ အခြေခံပန်းအလှပြင်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဖားဆောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန် ကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လွှတ်တော် မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀)ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်ဆင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံငွေများပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ဖားဆောင်းမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်​နေ့ ည​နေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ကယားပြည်နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးပပျောက် ရေး စီမံကိန်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျားမွေးမြူရေးအထောက်အကူပြု ပြည်သူ ပညာပေးသင်တန်းဖွင့်လှစ်

ခေတ်မီပျားမွေးမြူရေး အတက်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန်၊ ပျားမွေးမြူ ရေးသည် ပျားနှင့်ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘောပေါက် နားလည်ဆောင်ရွက်ရန်၊ ဒေသခံပျား အမျိုးမျိုးကို လေ့လာသုတေသန ပြု၍ ဒေသအခြေအနေ နှင့် ကိုက်ညီသော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်နိုင်ရန်၊ ဘိန်းစိုက်ပျိုးမူ ပပျောက်ရေး လုပ်ငန်းတွင် အထောက်အကူပြု လုပ်ငန်း တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကဲ့သို့တစ်ပိုင် တစ်နိုင်မွေးမြူသလို ပျားမွေးမြူရေးအား မွေးမြူလာခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလာစေရန်၊ ပျားမွေး မြူခြင်းဖြင့်ပျားစာရ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲစဉ်ငုံ၊ အစရှိသည်များကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြစ် ယနေ့ ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပိန်းချစ် ကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ကျေးရွာတို့တွင် သွားရောက်ကာ တောင်သူများအား စာတွေ့၊ လက်တွေ့ ပြသသင်ကြားခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to ကယားပြည်နယ်