ကယားပြည်နယ်

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ရှားတောမြို့နယ်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များသည် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတို့တွင် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ဖားဆောင်းမြို့၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး

ကယားပြည်နယ်အတွင်း ပါတီပေါင်း ၁၄ပါတီ၊ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းထံမှ သိရသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးရလေအောင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ

ရှားတောမြို့၌ Facility Quarantine အဖြစ် ဖွင့်လှစ်ထားရှိမည့် အဆောက်အဦ နေရာများသို့ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားရာဒေသမှ ရှားတောမြို့နယ် အတွင်း ဝင်ရောက်လာမည့် ပြည်သူများအား Quarantine Centre တွင်

ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော ဒီးမော့ဆို မြို့နယ် သေးဆူလဲကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈ ဦးအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်