ဖားဆောင်း စက်တင်ဘာ ၁၀
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရန်ရည်ရွယ်၍ ခရီးသွားပြည်သူများ လမ်းသွား ၊လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းရှေ့နှင့် ပူးပေါင်း ကျန်းမာရေး စစ်ဆေးသည့်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားမှုအနေဖြင့် ဖားဆောင်း မြို့နယ် အတွင်းဝင်/ထွက်သွားလာနေသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ခွာပါက ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ Mask တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/) ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းနှင့် နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask တပ်ဆင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)