ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက်က​လေးများအား ပုံမှန်ကာကွယ်​ဆေးများ ထိုးနှံတိုက်​ကျွေး

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက် က​လေးငယ်များအား EPI ပုံမှန်ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးခြင်းကို မိခင်နှင့်က​လေးကျန်းမာ​ရေးဦးစီးဌာနတွင်ယမန်​နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနဝန်ထမ်းများက ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပူးပေါင်း စစ်ဆေးရေး ဂိတ်များသို့ ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူများအား စစ်ဆေးလက်ခံခြင်း၊ ပြည်တွင်း ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ကျနေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စက်တင်ဘာ ၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊လုပ်ငန်းခွင်များတွင် COVID-19 ​ရောဂါ၊ကာကွယ်ထိန်းချုပ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်​ဆေးကြီးကြပ်​ရေးအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသော မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သစ္စာစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ အုပ်စု၊ (၃)မိုင်ပကျဲစံပြကျေးရွာ ခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနများက ယနေ့နံနက်(၈)နာရီအချိန်၌ လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ် နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာရှိ ငါးမွေးတောင်သူ ၄၂ ဦးအား ငါးသားပေါက်များပေးအပ်

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ကယားပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေ ရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၌ CERP အစီအစဉ်အရ ကြားပေါင်းလိုက်စက် (Power Weeder) ကိရိယာဖြင့် လက်တွေ့မောင်းနှင်ပြသ

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ CERP အစီအစဉ်အရ ဒေသခံတောင်သူ များအား စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်နှင့် လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားများ ရှားပါးလာမှု အခက်အခဲများကို ပြေလည်စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် ထီးပိုးကလိုးကျေးရွာ လယ်ယာမြေကွင်းတွင် ကြားပေါင်း လိုက်စက် (Power Weeder) ကို လက်တွေ့မောင်းနှင် ပြသပေးခဲ့သည်။
Subscribe to ကယားပြည်နယ်