ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/ အထွက် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု နေစဉ်မပြတ်ဆက်လက်ဆောင်ရွက်
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။