ကယားပြည်နယ်

ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာများ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​​ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာနများက ယနေ့ နံနက်(၈)နာရီအချိန်တွင် လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ရေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွား လမ်းလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ နောင်ယားကန်သာဘေးအနီးနှင့် ဒေါဉခူမီးပွိုင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့ဒေသထွက် သဘာဝအုန်းဆီစစ်စစ် ရောင်းအားကောင်းလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်သဘာဝအုန်းဆီစစ်စစ်သည် ဆေးဖက်ဝင်၍ လူကြိုက်များပြီး ဈေးကောင်းရသောကြောင့် ဒေသခံအုန်းဆီရောင်းသူများက အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖရူဆိုမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့၌ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဘာရေးနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်လွဲ့ကျေးရွာတို့တွင် အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။

ဖား​ဆောင်းမြို့ နန်းကစ်​ကျေးရွာ၌ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းဖွင့်

စိုက်ပျိုး​ရေး​၊ မွေးမြူ​ရေးနှင့်ဆည်​မြောင်း​ဝန်ကြီးဌာန၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ဖား​ဆောင်း မြို့နယ်ရုံးမှ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းကို ယမန်​​နေ့က နန်းကစ်​ကျေးရွာ ခန်းမ​ဆောင်၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to ကယားပြည်နယ်