ကယားပြည်နယ်

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကယားပြည်နယ်မှ သူနာပြု (၂၀) ဦး ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံနှင့် ဒဂုံဆိပ်ကမ်း ဆေးရုံ တို့တွင် ကိုဗစ်-၁၉ လူနာစောင့်ရှောက်မှုများတွင် ကူညီနိုင်ရန်အတွက် လွိုင်ကော်မြို့မှ ထွက်ခွာ

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ်မှ သူနာပြု(၂၀) ဦးတို့သည် ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံကြီး နှင့် ဒဂုံဆိပ်ကမ်း ဆေးရုံသို့ လွိုင်ကော်မြို့မှ ယနေ့နံနက်  ၅ နာရီက ထွက်ခွာခဲ့ ကြောင်းသိရသည်။

ဖား​ဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှ (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊​ အောက်တိုဘာလ(၁)ရက်  နေ့တွင်ကျ​ရောက်မည့် (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယ​နေ့ နံနက်(၇)နာရီ အချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ​ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်း များ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ၂ နှစ်အောက် ကလေးငယ်များအား အာဟာရပြည့်ဝစွာ ရရှိစေရေး အာဟာရမှုန့်များ ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များ တစ်ရက်တာ လိုအပ်သော အာဟာရများ ရရှိစေရေးအတွက် Micronutrient Powder (အဏုအာဟာရမှုန့်) များကို ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနေ့စဉ်များပြားလာမှု ကြောင့် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိကြောင်း မော်တော်ယာဉ် ဂိတ်ရှိ တာဝန်ရှိသူများထံမှ သိရသည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက  (Covid-19)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကေကောကျေးရွာအုပ်စု နှင့် သိုသီးဖိုကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန် က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်