လောပိတမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

လွိုင်ကော် စက်တင်ဘာ ၁၅

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ ၊ လူထူထပ် သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ ၊ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ် ၊ လောပိတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်အောင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားမှုအနေဖြင့် လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ ၊ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူ များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား ၊ လမ်းလာပြည်သူ များအား ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ Mask တပ်ဆင်သွားလာရန် အသိပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/-)ဖြင့် ချက်ချင်း ဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းသိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)