ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာ ၁၀ ရွာအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် မြို့မ၊ နန်းမယ်ခုံ၊ စံပြ(၆)မိုင်၊ ငွေတောင်၊ ဒီးမော့ဆို၊ နောင်ပုလဲ၊ (၄)မိုင်မြေနီကုန်း၊ ဆင်တောင်၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။