ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ရှားတော စက်တင်ဘာ ၂၅

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အလယ်ပိုင်းကျေးရွာအုပ်စု ၊ အလယ်ပိုင်း စုစည်း ကျေးရွာ နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် လူမှုရေး အသင်းဖွဲ့တို့စုပေါင်း၍ အလယ်ပိုင်းစုစည်းကျေးရွာ နှစ်ကျိပ်ရှစ်ဆူ ဘုရားစေတီရင်ပြင်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များကိုခုတ်ထွင်ရှင်းလင်းခဲ့ပြီး နံနက်(၇)နာရီမှ (၈)နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
ထွန်းအောင်(ပြန်/ဆက်)