ကယားပြည်နယ်

မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး အသိပညာပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နှင့်​ မော်ချီး​ဒေသရှိ ​ကျေးရွာများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့်​​ မော်ချီး​ဒေသရှိ ​ကျေးရွာ​နေ ပြည်သူလူထုများအား လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ် EM(Exercise is Medicine) ကို စိတ်ဝင်စားလာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါဘယများ ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစား အစီအစဉ်ဖြင့် အားကစားပစ္စည်းများကို မြို့နယ်တွင်းရှိ​ ကျေးရွာပြည်သူလူထု အဖွဲ့အစည်းများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည် များပြားလာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည်များ များပြားလာကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား ထောက်ပံ့ငွေ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်သို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူး​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့်​ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၁၈ ရက် ည​နေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျှက်ရှိရာ နေအိမ်အပြင်သို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလမ်းဆုံနှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများ တွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နာရီစင် လမ်းဆုံ၊ သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့၌ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် လွိုင်ကော် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ်မြောက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှားတောမြို့နယ်၊ ကယားပိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ မွန်းလွဲ(၃) နာရီက ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အကြီးတန်းစာရေး ဦးစိုင်းခိုင်ဝင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မကျေးရွာ အုပ်စုနှင့် ထီးပေါ်ဆိုကျေးရွာအုပ်စုတို့တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to ကယားပြည်နယ်