ကယားပြည်နယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေး ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ထွက်ခွာမည့် ကုန်တင်မော်တော်ယာဉ်များရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ကြောင်း သိရသည်။

ဖရူဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်

လွိုင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်၌ ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် ကျွေးခြင်းကို

မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်းမြောင်း ရေတိုက်စားမှုအား ကွင်းဆင်း စစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်း ကျေးရွာရှိ လယ်မြေများသို့ ရေပေးဝေနေသည့် နမ့်မန်းရေပေးမြောင်း ချောင်းရေတိုက်စား ပျက်စီးမှု အခြေအနေအား

ဖားဆောင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက် နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေး

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးကြီးကြပ်ရေး အဖွဲ့ဝင်များက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့နယ်အတွင်းရှိ အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ်အောက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အောက်တိုဘာလ ၅ ရက်နေ့တွင် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်