မယ်စဲ့ အောက်တိုဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ သွားလာနေသော ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ မဖြစ်မနေ အိမ်အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်မှုမရှိသူများအား Mask နှစ်ခုကို ငွေကျပ် ၁၀၀၀ ဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)