လင်ဖုံလေးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသော်လည်း ကိုဗစ်-၁၉ ကြောင့် စျေးနှုန်းများ ကျဆင်းရာ တောင်သူများအခက်ကြုံ

လွိုင်ကော် အောက်တိုဘာ ၈


ကယားပြည်နယ်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ တောင်သူ များသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် မိရိုးဖလာအသက်မွေးဝမ်းကြောင်းအဖြစ် မိသားစု တစ်ပိုင်တစ်နိုင် သီးနှံစိုက် ခင်းများ ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။
ကျေးရွာထိပ်ရှိ ရေထွက်ပေါက်ကို အမှီပြု၍ တစ်နှစ်ပတ်လုံး ရာသီသီးနှံများကို စိုက်ပျိုး ကြပြီး ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဖရုံ၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်သွန် အစရှိသည့် ဟင်းသီး ဟင်းရွက် သီးနှံများကို စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းသော်လည်း ကိုဗစ်-၁၉ ကြောင့် ကုန်စျေးနှုန်းများ ကျဆင်း၍ တောင်သူများအနေဖြင့် အခက်ကြုံခဲ့ရ သည်။
“ထွက်ရှိလာတဲ့သီးနှံတွေ စျေးနှုန်းမတည် မငြိမ်ဖြစ်ပြီး ပွဲစားများက မဝယ်လို ကြတော့ကြောင်း၊ လင်ဖုံလေးကျေးရွာတွင် အပေါ်ရွာ အောက်ရွာပေါင်း အိမ်ခြေ (၃၀၀)ကျော်ရှိပြီး တစ်ဝက်လောက်က လက်လုပ်လက်စားများကြောင်း” တောင်သူ ဦးခွန်မောင်သန်းက ပြောကြားပြီး နေ့စားလုပ်ကိုင်နေ သည့် ဒေါ်နန်းညွန့်ရင်က “မိသားစု (၈)ယောက်ရှိပြီး ကိုဗစ်-၁၉ ကာလတွင် လက်စားများ သိပ်မခေါ်ကြ တာကြောင့် အလုပ်အကိုင်ရှားပါးလားပြီး မိသားစုဝမ်းရေးအတွက် အခက်ကြုံနေရကြောင်း” ပြောကြားခဲ့သည်။
လင်ဖုံလေးကျေးရွာမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်သီးနှံများကို လွိုင်ကော်မြို့တွင် အဓိကတင်ပို့ လျက်ရှိပြီး ပိုလျှံသည်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)