ရွာသစ် အောက်တိုဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားချိန် မိဘနှင့် သားသမီး ပြုစုစောင့်ရှောက်ရေး နည်းလမ်းကောင်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်ကျောင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘောလခဲခရိုင် Save the Children မှ ဉီးစီးအရာရှိ ဦးစောခူးစေးက ကိုဗစ်-၁၉ ရောဂါ အကြောင်း ကလေးများအား နားလည်အောင် ရှင်းပြပေးရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်း များ အကြောင်း၊ မိသားစု၀င်များအား ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နည်းနှင့် မိမိကိုယ်ကိုယ်နှင့် ကလေးများအား ဂရုစိုက်ပေးပါကြောင်း၊ ကလေးများအား ကျန်းမာပျော်ရွှင်ရေး သင်ယူလေ့လာရေးနှင့် လုပ်ဆောင်ရမည့် အရာများ စသည့် အကြောင်းအရာများကို မိဘများအား အသိပညာပေး ဆွေးနွေးသည်။
ယင်းနောက် ကလေး ကျန်းမာပျော်ရွှင်စေရေးနှင့် လေ့လာသင်ယူရေးအတွက် ရုပ်ပြစာအုပ်များ၊ ရောင်စုံခဲတံများအား မိဘများထံ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)