ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ရှုခင်းသာပန်းခြံဆောင်ရွက်ထားရှိမှု၊ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များနှင့် ဘောလုံးကွင်းများဆောင်ရွက်နေမှု၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မော်တော်ယာဉ်ရပ်နားစခန်းဖွင့်လှစ်ရန် ပြုပြင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ပြုလုပ်သည့် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အားကစားကွင်းနှင့် အားကစားရုံများ ပြင်ဆင်ဆောင်ရွက်မှုနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း နွေရာသီကာလ ကျောင်းအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစားကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုနှင့် အားကစားရုံများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရေစုကန်များပြုပြင်မှုနှင့် စံပြစိုက်ခင်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်းဆောင်ရွက်မှု၊ တိမ်ကောနေသည့် ပဒါးညေးကန် ပြန်လည်တူးဖော်မှုနှင့် စံပြဟင်းသီးဟင်းရွက် စိုက်ခင်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ ကျင်းပပြုလုပ်

ကယားပြည်နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပညာကျောင်းများနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံးအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်-လောပိတလမ်း ရှုခင်းသာ View Point မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်မှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ဆင်ဆောင်ရွက်မှုနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံး ဖွင့်လှစ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၏ ဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ ပင်မသုံးထပ်ကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကွန်ပျုတာတက္ကသိုလ်မှ ပညာရေးအဖွဲ့နှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊  ရုံးပရိဝုဏ်များနှင့် ဧည့်ရိပ်သာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသောပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄) ခန်းတွဲ (၃) ထပ်ဝန်ထမ်းအိမ်ရာ (၁၂) လုံးနှင့် ဓမ္မာရုံ ပြုပြင်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း ဝန်ထမ်းများသန့်ရှင်းသောသောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကာ အဆောက်အအုံများ စနစ်တကျဖြင့် ရေရှည်အသုံးပြုနိုင်ရေး၊ ထိခိုက်ပျက်စီးမှုကြီးမားသည့် အဆောက်အအုံများအား ကြံ့ခိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Subscribe to ကယားပြည်နယ်