ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)တက်ရောက်

ကယားပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသား ၊ ကျောင်းသူများကို ဥပဒေအသိပညာပေးဟောပြောပွဲတက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဥပဒေအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ‌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ Grade(11) နှင့် Grade(12) ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနား တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဘီလူးချောင်းအတွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေး၍လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သာသနိကအဆောက်အဦ ပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ရန်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် တပျော်တပါးစုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝါတွင်းကာလသီတင်းသီလဆောက်တည်မည့် သံဃာတော်များ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆား ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ကယားပြည်နယ်အတွင်းရှိ ဆရာ‌တော်သံဃာတော်များ၊ သီလရှင်များ စိတ်နှလုံးအေးချမ်းစွာဖြင့် ဝါတွင်းကာလ၌ သီတင်းသီလများဆောက်တည်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆွမ်းဆန်တော်၊ ဆီ ၊ ပဲနှင့်ဆားများ  ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရွှေကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊  ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား ရင်းနှီးနွေးထွေးစွာ ကြိုဆိုလက်ခံ၍ သွားရောက်တွေ့ဆုံအားပေး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် KNDF ၊ KNPP ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ ဒေါဆန်းဘွန်းကျေးရွာ၊ ထူဒူငံသကျေးရွာများရှိ ပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ အစားအသောက်များ အတင်းအဓမ္မပို့ဆောင်ခိုင်းခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့်  အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ လွိုင်ကော်မြို့ပေါ်သို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ရောက်ရှိလာခဲ့ကြသည်။

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်