လွိုင်ကော် ဩဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ဩဂုတ်လ(၂၂)ရက်နေ့နံနက်က လွိုင်ကော်မြို့ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနား၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများ၊ တရားရေးအရာရှိများ၊ အမှုထမ်းများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)