ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၁၃၈၆) ခု မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာအတီးအမှုတ်အကအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။