ကယားပြည်နယ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်က လွိုင်ကော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ အခြေခံနှင့်အဆင့်မြင့်ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။