ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

ရှားတော၊ အောက်တိုဘာ ၂၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

အစည်းဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က္ကဌ ဦးကူးရယ် က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲပေးနိုင်ရေးစီစဉ် ဆောင်ရွက်မှုအခြေအနေနှင့် မသန်စွမ်းသူများ၊ မကျန်းမမာဖြစ်နေသူများ စသည့် ပဒေအရကြို တင်ဆန္ဒမဲ သွားရောက်ကောက်ယူမည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် စောင့်ကြည့် လေ့လာမည့်သူများကို အသိပေးလို၍ ဤအစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ဉပဒေအရ ကြိုတင်ဆန္ဒမဲများ သွားရောက်ကောက်ယူမည့် ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများကို ချပြရှင်း လင်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင် က္ကဌ ဦးကူးရယ်နှင့် အတွင်းရေးမှူး ဦးစန်းဝင်းတို့က ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ ရပ်/ကျေး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီများနှင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)