ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်

ဘောလခဲ အောက်တိုဘာ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးမည့်နေရာများ သိရှိနိုင်ရေး၊ ကြိုတင်မဲနှင့် မဲပေးမည့်နေ့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ပိုင်း(၁၁)နာရီက စောလဖော်ခန်းမ၌ ကျင်းပပြုလုပ်ခဲသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က power point ဖြင့် ရှင်းလင်းပြောကြားရာတွင် လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့ ကြိုတင်မဲနှင့် မဲပေးမည့်နေ့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ဖြစ် ပါကြောင်း၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့များ အခက်အခဲမရှိအောင် ခေါ်ယူညှိနှိုင်းခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်တင်ပြ သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ ၆ ရုံ၊ ရှမ်းပိုင်း ၃ ရုံ၊ ကယားပိုင်း ၁ ရုံ၊ အထကနန်းဖဲ၊ အမကဘူးခူ၊ မဲဆန္ဒနယ်အမှတ်(၂) စောလုံအုပ်စု၊ အမကကျောင်း၊ ဘောလခဲအုပ်စု (မိုင်းထမ်း)၊ အထကခွဲ ချိကွဲ့အုပ်စု၊ ရွာသစ်တောင်ပိုင်း၊ ရွာသစ်မြောက်ပိုင်း အထကကျောင်းဟောင်း၊ အမှတ်(၁၀၀၅)နယ်ခြားစောင့်တပ်၊ အမက ဝမ်လွဲ့၊ လွယ်ဝိုင်း(၂)ရုံ လမ်းဦးစီးရုံး၊ အလကခွဲ ဝမ်ဗလ၊ ဟွေအောကျေးရွာတို့ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လုပ်ငန်းတာဝန်များ ခွဲဝေ ပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ကော်ရက်တီက ကြိုတင်မဲပေးခြင်း၊ မဲပေး မည့်နေ့တွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက Mask နှင့် PPE ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖိုးရယ်