ရွာသစ် အောက်တိုဘာ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ဒေသခံ ပြည်သူများ စုပေါင်း၍ တောင်ပေါ် တောရစေတီ ပတ်၀န်းကျင် အတွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်မြို့ ဒေသခံ ပြည်သူများ စုပေါင်း၍ စေတနာရှင်များနှင့်အတူ ရွာသစ်တောင်ပေါ် တောရစေတီအနီး ပတ်၀န်းကျင်တွင် မြက်များ ရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ စွန့်ပစ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)