လွိုင်ကော်မြို့ ၊ ဝါရီကောခူကျေးရွာ ၊ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်

လွိုင်ကော်     အောက်တိုဘာ ၂၇

ကယားပြည်နယ် အတွင်းရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများကို ပိုမိုစနစ်ကျ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်း အတွင်းသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၂၆.၁၀.၂၀၂၀) ရက်နေ့တွင် ယာဉ်အစီးရေ (၉၂) စီးနှင့် လူဦးရေ (၁၄၂) ဦး စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး Positive () ဦး တွေ့ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၂၆  ရက်နေ့တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Diagnostice Test Kits စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး (Positive) တွေ့ရှိသူ () ဦးအား ကျန်းမာရေး စောင့်ကြပ်ကြည့်ရှု ဆေးကုသမှု ခံယူနိုင်ရန် ပြည်နယ် ပြည်သူ့ဆေးရုံကြီး (လွိုင်ကော်) သို့ ပို့ဆောင် ထားရှိပြီးဖြစ်သည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးမှုမှာ ယနေ့အထိ ယာဉ်အစီးရေ (၇၀၀)စီးနှင့် လူဦးရေ (၁၀၅၄)ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး Positive () ဦး တွေ့ရှိ ရကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)