မယ်စဲ့ နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်း ဆဋ္ဌပအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း က ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်စေရန်၊ ရန်ပုံငွေမှ ရရှိလာသည့် အတိုးနှုန်း ၅၀ ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေး ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက မြစိမ်းရောင် ချေးငွေ ရရှိသည့် ပမာဏနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း များကိုလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ၎င်းလုပ်ငန်းကိုလည်း မြို့နယ် ကော်မတီများက ကွင်းဆင်းစစ်ဆေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကော်မတီမှ ဝမ်ကန်နှင့် ဟွေပါလန်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၄၃ ဦး၊ မွေးမြူရေး လုပ်ကိုင်သူ ၁၀ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၉ ဦး၊ စုစုပေါင်း ၇၂ ဦးအတွက် ချေးငွေကျပ် ၄၅၈,၀၀၀၀၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီမှ ငွေချေးယူသူ အသင်းသားများ လက်ဝယ်သို့ ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း