ကယားပြည်နယ်

မယ်စဲ့မြို့နယ် မယ်ဆည်နမ်ကျေးရွာအုပ်စု ဆဌမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မယ်ဆည်နမ်၊ နမ့်ဟူး၊ ဟိုဂျစ်၊ လယ်တော ကျေးရွာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအသစ် တစ်ဦး တွေ့ရှိ

လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ကုန်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် (၁၅၈)ဦးအား ယနေ့နံနက်ပိုင်းကCOVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၅၇) ဦးမှာ Negative အဖြေ ထွက်ရှိခဲ့ပြီး ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့သည်။

ရှားတောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်း ပြုလုပ်သော အဌမကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းစုစည်း(မြရတနာ)ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်းပြုလုပ်သော အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ဝါဘန်းပလို့ကျေးရွာ ခန်းမဆောင်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ကို ဖွင့်လှစ်ပေး သည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Book Club၊ Women Club နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရွာသစ်မြို့၌ တောင်သူများ၏ ဆောင်းသီးနှံ ပဲသီစိမ်း စိုက်ခင်းများ စတင်ဆွတ်ခူး

ကယားပြည်နယ်၊ ဘောလခဲခခရိုင်၊ ရွာသစ်မြို့၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ထားရှိသော ပဲသီစိမ်း သီးနှံများ ရင်မှည့်နေပြီဖြစ်၍ ယနေ့နံနက်ပိုင်းက စတင်ကာ တောင်သူများ စတင် ဆွတ်ခူးနေပြီ ဖြစ်ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာ သွားလာနေသော ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask များ ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း လုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19)

မယ်စဲ့မြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု ရှိ / မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံး ငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ​ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများ ချပြရှင်း လင်းခြင်းကို ယမန်နေ့ ည ၆ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ကျန်းမာ​ရေးလိုက်စားသူများအား လိုက်ပါ​ဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance ကို Online မှ တစ်ဆင့်တင်ဆက်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလ အတွင်း stay at home ​နေထိုင်​သော မိဘပြည်သူများအ​နေဖြင့် ကျန်းမာကြံ့ခိုင်​​​စေရန်နှင့်ကျန်းမာ​ရေး လိုက်စားသူများ လိုက်ပါ​ဆောင်ရွက်နိုင်ရန် အတွက် Physical fitness Dance အား Online မှ တစ်ဆင့် တင်ဆက်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်