ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့်  ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

လွိုင်ကော်         နိုဝင်ဘာ            ၂၅

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက်  စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာနှင့် ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ( : ၃၀) အချိန်မှစတင်ပြီး လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်  ရှိကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က နံနက်အာရုဏ်ဦးပိုင်းတွင် ပြည်နယ်သံဃနာယကအဖွဲ့ရုံး အဆောက်အဦသစ် ဘုရားအနေကဇာတင်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး နံနက်()နာရီခွဲအချိန်တွင် ပြည်နယ် ခေတ္တဝန်ကြီးချုပ် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တရားလွှတ်တော်တရားသူကြီးချုပ်    ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်တို့က ပြည်နယ်သံဃနာယက အဖွဲ့ရုံး အဆောက်အဦသစ် ရေစက်ချမင်္ဂလာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကယားပြည်နယ် လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရား ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များချီးမြှင့်တော်မူပြီး ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့မှ မဟာဘုံကထိန်လျာသင်္ကန်းနှင့် ကထိန်အရံသင်္ကန်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကယားပြည်နယ် လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော် ဘုရားထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားတော်များနာယူပြီးဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ခေတ္တဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူးဒါန်းကြသည်။

ကယားပြည်နယ် အစိုးရဖွဲ့ ကယားပြည်နယ်လွှတ်တော် နှင့် ဌာနဆိုင်ရာများ ရပ်ကွက် ကျေးရွာအလှူရှင် များမှ ကထိန်ခံကျောင်းနှင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၂၀ ကျောင်းတို့အတွက် ပဒေသာပင်များပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး ယနေ့လှူဒါန်းမှုစုစုပေါင်း တန်ဖိုးမှာ ငွေကျပ်သိန်း (၄၉၅၉၃၂၅၀) ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ    ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ်သည် ၂၀၁၉-၂၀၂၀    ဘဏ္ဍာရေးနှစ် ကယားပြည် နယ်အထွေထွေ ပိုလျှံရန်ပုံ ငွေကျပ် (၁၈၆.၇၉၅)သန်းဖြင့် တည်ဆောက်ခဲ့ပြီး    သံကူကွန်ကရစ် နှစ်ထပ် ၆၀ ပေ ၃၅ ပေ အဆောက်အဦဖြစ်ကြောင်းသိရသည်။

အောင်ထွန်းလေး(ပြန်/ဆက်)