ကယားပြည်နယ်

မြစိမ်း​ရောင်​ကျေးရွာများအား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ပွဲနှင့် သုံးသပ်​ဆွေး​နွေးပွဲ အခမ်းအနား ပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ်တွင် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်မည့် မြစိမ်း​ရောင်​ကျေးရွာ (၂)ရွာ အား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း ​​ဆောင်ရွက်ပြီးစီးခဲ့သည့် ​ကျေးရွာ(၉)ရွာအား သုံးသပ်​ဆွေး​နွေးခြင်း အခမ်းအနားကို ယမန်​နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအ​​ဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာ​ပေး “Talk Show’’ ပြုလုပ်

ကယားပြည်နယ်၊ ဖား​​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူး​ပေါင်းကာ လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာ​ပေး “Talk Show” ကို ယ​မန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ နံနက်(၇)နာရီအချိန် က မော်ချီးကျေးရွာအုပ်စုတို့၌ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဒီးမော့ဆိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ ထိုးနှံခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်(၁၉)​ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယမန်​နေ့က ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပ သည်။

လွိုင်ကော်မြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရ သက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။

လွိုင်ကော်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ  ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Subscribe to ကယားပြည်နယ်