မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေး

မယ်စဲ့ ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ယမန်​နေ့က ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပ သည်။

ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က မသန်စွမ်းအမျိုး အစားများ ဖြစ်သည့် အမြင်အာရုံ ချို့ယွင်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ချို့ယွင်းခြင်း စသည့်အချက်များ၊ မသန်စွမ်း သူများဥပဒေ၊ နည်းဥပဒေများ၊ မသန်စွမ်းသူများ တန်းတူအခွင့် အရေးရရှိရေးနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖော်ဆောင် ပေးရေး၊ မသန်စွမ်းသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ စိတ်သဘောထားပိုင်းဆိုင်ရာ အတားအဆီးများ ရင်ဆိုင်ကြုံတွေ့မှု မရှိစေဘဲ လူ့အသိုက်အဝန်းအတွင်း၌ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)