ဘောလခဲမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်(၁၉)​ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ဘောလခဲ ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံတစ်ဝှမ်း ယမန်နေ့ နံနက်(၈)နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိရာ ဘောလခဲ မြို့နယ်တွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအောက်ရှိ ဝန်ထမ်း အင်အား(၁၃၇)ဦးကို ဘောလခဲမြို့နယ် ဆရာဝန် ဒေါက်တာ ခင်ဝင်းဌေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်မှ ညနေပိုင်းထိ ထိုးနှံဆောင်ရွက်ပေးနေပြီဖြစ်ရာ ဆေးထိုးရန် ကျန်ရှိ ဝန်ထမ်းများအား နက်ဖြန် နံနက်မှ စတင်၍ ညနေပိုင်းအထိ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တာဝန်ကျဆရာမကြီး ဒေါ်ဗျားမြာဦးထံမှ သိရှိရသည်။

လှရွှေ